Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
Diabetes in Myanmar - Myanmar Diabetes Association
Call Us: (+95) 9 776644416

President

Professor Thint Swe Latt

Vice President

Professor Than Than Aye

General Secretary

Professor Ko Ko

 

General Secretary 1

Professor Thein Myint

Joint Secretary

 Professor Ye Myint

Treasurer

Dr Thin Nwe Win

 

မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းနှင့် ကူးစက်မဟုတ်သော ရောဂါများ ဖြစ်စေနိုင်သော အကြောင်းအချက်များ စစ်တမ်းကောက်ယူခြင်း(၂၀၁၄)

မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းနှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှုကို ၂၀၁၄ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ ဤစစ်တမ်းကို အသက်၂၅နှစ်မှ ၆၄နှစ်အတွင်းရှိ အရွယ်ပိုင်းအား အခြေခံပြီး ကောက်ယူခဲ့ကာ တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံးတွင်ရှိ ကိုယ်စားပြုမြို့နယ် (၅၂)မြို့နယ်မှ ကောက်ယူခဲ့ပါသည်။

ဤစစ်တမ်းတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းသာမက ကူးစက်မဟုတ်သောရောဂါများ ပိုမိုဖြစ်ပွားစေသော အကြောင်း အချက်များအနေဖြင့် အပြုအမူဆိုင်ရာ အကြောင်းအချက်များ၊ ဇီဝကမ္မအကြောင်းအချက်များ၊ ဓါတ်ခွဲ စမ်းသပ်ခြင်းများ ပါဝင်ခဲ့ပါသည်။

ကူးစက်မဟုတ်သော ရောဂါများဆိုသည်မှာ ကျန်းမာရေးနှင့် မညီညွှတ်သော လူဘဝနေထိုင်မှု ပုံစံများကြောင့် ဖြစ်ပေါ်လာသော နာတာရှည်ရောဂါများကို ဆိုလိုပါသည်။ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချို ရောဂါနှင့် နာတာရှည်အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပါဝင်ကြပါသည်။

ကူးစက်ရောဂါမဟုတ်သောရောဂါများ ပိုမိုဖြစ်စေသော အကြောင်းအချက်များအနေဖြင့် ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစားသုံးမှုနည်းပါးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အဝလွန်ကဲခြင်း၊ သွေးတိုးရောဂါ၊ သွေးချိုရောဂါ၊ သွေးတွင်းအဆီများခြင်း အကြောင်းတရားများ ပါဝင်နေပါသည်။

မြန်မာပြည်လုံးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းမှ အဓိက တွေ့ရှိချက်များမှာ-

 

၁။ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲနေသူ ၂၆.၁%
၂။ ကွမ်းယာနှင့် ဆေးရွက်ကြီးစားသုံးသူ ၄၃.၂%
၃။ အရက်ကို အလွန်အကျွံသောက်သုံးသူ ၁၀.၃%
၄။ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံစားသုံးမှုလျှော့နည်းသူ ၈၆.၆%
၅။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူ ၁၅.၇%
၆။ ကိုယ်အလေးချိန် ရှိသင့်သည်ထက်ပိုနေသူ ၂၂.၄%
၇။ အဝလွန်ကဲသူ ၅.၅%
၈။ သွေးတိုးရောဂါရှိသူ ၂၆.၄%
၉။ ဆီးချိုသွေးချိုရောဂါရှိသူ ၁၀.၅%
၁၀။ သွေးတွင်းအဆီများနေသူ ၃၆.၇%
၁၁။ အထက်ဖော်ပြပါအကြောင်းအချက်များမှ သုံးခုနှင့် အထက်ပို၍ရှိနေသူ*** ၁၉.၆%
၁၂။ (၁၀)နှစ်အတွင်း နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ချေများသူ ၁၂.၁၂%

 

*** အထက်ဖော်ပြပါ အန္တာရယ်များစေသော အကြောင်းအချက်များ များများရှိလေလေ လူတစ်ဦးသည် နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်ရန် ပိုများလေလေဖြစ်ပါသည်။

ဤစစ်တမ်းကို ကျန်းမာရေးဦးစီးဌာန-ဆီးချိုစီမံချက်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဆေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းကောက်ယူခဲ့သည်။ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်များလည်း စစ်တမ်းကောက်ယူရာတွင် ပါဝင်ပံ့ပိုး ကူညီပေးခဲ့ကြပါသည်။ ကမ္ဘာ့ဆီးချိုသွေးချိုဖောင်ဒေးရှင်း(WDF)မှ ငွေကြေးထောက်ပံ့ခဲ့ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နည်းပညာဆိုင်ရာများ ပ့ံပိုးပေးခဲ့ပါသည်။

အထက်ပါစစ်တမ်းကောက်ယူမှု၏ အဓိကတွေ့ရှိချက်များအနေဖြင့် –

မြန်မာနိုင်ငံတွင် အသက်(၂၅)နှစ်မှ (၆၄)နှစ်အတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်း လူအယောက်(၁၀၀)တွင် (၁၀.၅)ဦးခန့်ဖြစ်နေပါသည်။ ဤဖြစ်ပွားနှုန်းနှင့် တွက်ကြည့်လျှင် မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနေသူပေါင်း ၂.၅သန်းခန့် ဖြစ်ပွားနေသည်ဟု ခန့်မှန်းရပါသည်။

 

၎င်းဖြစ်ပွားနှုန်းမှာ အိမ်နီးချင်းနိုင်ငံများတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းထက် ပိုမိုများပြားနေပါသည်။

ဆီးချိုရောဂါရှိလျှင်-

ဆီးချိုသွေးချိုရောဂါရှင်(၁၀)ဦးလျှင် (၈)ဦးမှာ နှလုံးသွေးကြောရောဂါများ ဖြစ်ပေါ်လာနိုင်သဖြင့် မြန်မာနိုင်ငံတွင် နှလုံးသွေးကြောရောဂါများ ဖြစ်လာနိုင်သည့်သူများလည်း များပြားကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။

အချုပ်အနေဖြင့် မြန်မာပြည်သူလူထုအတွင်း ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းများပြားနေခြင်း၊ နှလုံးသွေးကြော ကျဉ်းရောဂါ၊ ကင်ဆာရောဂါများနှင့် နာတာရှည်အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပေါ်စေနိုင်သော အကြောင်းအချက်များ ဖြစ်ပေါ်မှု ပျံနှံများပြားကြောင်း သိရပါသည်။ အဆိုပါကူးစက်မဟုတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက်

နိုင်ငံတဝှမ်းလုံးတွင် ကာကွယ်တားဆီးရန် လိုအပ်နေပြီဖြစ်ပါသည်။

ဤရောဂါများကို အချိန်မှီကာကွယ်တားဆီးခြင်း မပြုလုပ်ခဲ့ပါလျှင် မြန်မာပြည်သူပြည်သားများသည် လူတစ်ဦးချင်းရော မိသားစုအလိုက်ပါ ဤရောဂါများ၏ဒဏ်ကို ခံစားကြရမည််ဖြစ်ပြီး၊ နိုင်ငံတော်အတွက်လည်း ကျန်းမာရေး အသုံးစရိတ်များ ပိုမိုသုံးစွဲရခြင်း၊ ကုန်ထုတ်စွမ်းအားစုများ ကျဆင်းခြင်းတို့ကြောင့် စီးပွားရေး ဝန်ထုတ်ဝန်ပိုး ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှုလျော့ပါးစေရေးနှင့် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အရေးယူဆောင်ရွက်မှုများ အောင်မြင်သင့်သလောက် မအောင်မြင်ပဲရှိနေမည်သာ ဖြစ်ပါသည်။