Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း MMDA (Myanmar Diabetes Association) နှင့် Zifam Company တို့မှ ပူးပေါင်းတင်ဆက်တဲ့ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာ ကျန်းမာရေးပညာပေးဟောပြောပွဲကို မကွေးမြို့ရှိ မြို့တော်ခန်းမမှာ စက်တင်ဘာလ ၁၉ ရက်(တနင်္လာနေ့) နံနက် ၉နာရီမှနေ့လည် ၁၂နာရီထိကျင်းပခဲ့ပါတယ်။အဲ့ဒီကျန်းမာရေး ပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်းဥက္ကဌဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာများ ဟောပြောပေးခဲ့ပါတယ်။ မကွေးမြို့နှင့် အနီးအနားပတ်ဝန်းကျင်ရှိမြို့များမှ စိတ်ဝင်စားသူ လူပေါင်း(၈၀၀)ကျော်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များနှင့် ကျန်းမာရေးအခက်အခဲများကိုဆရာကြီးအား ဆွေးနွေးတိုင်ပင်ခဲ့ ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်းရဲ့Information & Communication Officer ဖြစ်တဲ့ ဒေါက်တာကျော်နိုင်လင်း မှ အသင်းနှင့်ပတ်သက်သော အကြောင်းအရာများကို တက်ရောက်လာသူများအား ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ကျန်းမာရေး ဟောပြောပွဲတက်ရောက်လာသူများ မှလည်း Happy Quiz: Happy Gifts မေးအဖြေအစီအစဉ်မှာ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပါတယ်…။