Call Us: (+95) 9 776644416

မြန်မာနိုင်ငံ ဆီးချိုသွေးချို ရောဂါအသင်း MMDA (Myanmar Diabetes Association) နှင့် Zifam Company တို့မှ ပူးပေါင်းတင်ဆက်တဲ့ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ပြည်မြို့ရှိ ဧရာဦးခန်းမမှာ ဇွန်လ ၁၉ရက်နေ့ နံနက် ၉နာရီမှ နေ့လည်၁၂နာရီထိကျင်းပခဲ့ပါတယ်။ အဲ့ဒီကျန်းမာရေး အသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချို ​ရောဂါအသင်းဥက္ကဌဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့်ကျန်းမာရေးအသိပညာများဟောပြောပေးခဲ့ပါတယ်။ ပြည်မြို့နှင့် အနီးအနားပတ်ဝန်းကျင်ရှိမြို့များမှ စိတ်ဝင်စားသူ လူပေါင်း (၆၀၀)ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များနှင့်ကျန်းမာရေးအခက်အခဲများကိုဆရာကြီးအား ဆွေးနွေးတိုင်ပင်ခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်းရဲ့Information & Communication Officer ဖြစ်တဲ့ ဒေါက်တာကျော်နိုင်လင်း မှ အသင်းနှင့်ပတ်သက်သော အကြောင်းအရာများကို တက်ရောက်လာသူများအား ပြန်လည်ဝေမျှပေးခဲ့ပါတယ်။