Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (Myanmar Diabetes Association, MMDA)မှ ကြီးမှူး၍ “International Symposium on Diabetes (2017 Updates)” ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက် (တနင်္ဂနွေနေ့)၊ ရန်ကုန်မြို့၊ Melia Hotel (Grand Ballroom) မှာ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်………အဆိုပါ ကျန်းမာရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းသူ၊ အသင်းသား ဆရာဝန်များ၊ နယ်ပယ်အသီးသီးမှ ဆရာဝန်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်း နှင့် စာနယ်ဇင်းများ မှ စုစုပေါင်း လူဦးရေ (၃၀၀) ခန့် တတ်ရောက်ခဲ့ကြပါတယ်…  ရှေးဦးစွာ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (MMDA) ရဲ့ ဥက္ကဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ် မှ အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို စတင်ခဲ့ပါတယ်…သဘာပတိများအဖြစ် ပါမောက္ခဒေါက်တာခင်ရဲမြင့် နှင့် ပါမောက္ခဒေါက်တာနုနုမော်တို့မှ ပြုလုပ်ဆောင်ရွက် ခဲ့ကြပါတယ်….ထို့နောက်ပါကစ္စတန်နိုင်ငံမှ Prof. Abdul Basit က Current Status of Diabetes Care in Pakistan ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဂျပန်နိုင်ငံမှ Prof. Masaaki Muramatsu က Prevention of Diabetes by Knowing Your Genes for A Healthier Life style ခေါင်းစဉ်ဖြင့်လည်းကောင်း၊အိန္ဒိယနိုင်ငံမှ Dr. Sanjay Kalra က Practical Aspects of Insulin Therapy for Type 2 DM in the Developing World ခေါင်းစဉ်ဖြင့်လည်းကောင်း၊ထိုင်ဝမ်နိုင်ငံမှ Prof. Ta-Chen Su က Endocrine Disrupting Chemicals and Risk of Type 2 Diabetes and Cardiovascular Health: Focused on Phthalates and Per fluorinated Chemicals ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပါတယ်..အဲ့ဒီနောက် တက်ရောက်လာသော ဆရာဝန်များမှ ဆီးချိုသွေးချိုရောဂါဆိုင်ရာ မိမိတို့သိလိုရာများကို မေးမြန်းခဲ့ကြပြီး ကျန်းမာရေးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်.. အဆိုပါ ကျန်းမာရေးဆွေးနွေးပွဲ Symposium ကို Zifam Company မှ အဓိက ပံပိုးကူညီထားပါတယ်…