Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း(Myanmar Diabetes Association)မှ ကြီးမှုးကျင်းပသောဆီးချိုသွေးချိုရောဂါ အကြောင်းသိကောင်းစရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါ အသင်း ဥက္ကဌ ၊ဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှတနင်္ဂနွေနေ့ ၁၈၊၁၂၊၂၀၁၆ မှာ ?စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံ ရှိမြို့တော်ခန်းမတွင် ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာများ ဟောပြောပေးခဲ့ ပါသည်။ အဲ့ဒီဟောပြောပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရခိုင်ပြည်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသူများတက်ရောက်ပြီး ရခိုင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာမှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲကို တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် ကျန်းမာရေး ပြဿနာများနှင့် အခက်အခဲများကို ဆရာကြီးအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း(Myanmar Diabetes Association)မှ ကြီးမှုးကျင်းပတဲ့ ဆီးချိုသွေးချိုရောဂါအကြောင်းသိကောင်းစရာကျန်းမာရေးအသိပညာပေးဟောပြောပွဲကို သြစတေးလျနိုင်ငံထုတ် Stevia အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ Low Calcories သဘာဝအချိုဓာတ် ဆီးချိုသကြားဖြစ်တဲ့ Naturally Better မှ ဂုဏ်ယူစွာဖြင့် တင်ဆက်ပေးလိုက်ပါသည်။