Call Us: (+95) 9 776644416

      မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း Myanmar Diabetes Association မှ ကြီးမှုးကျင်းပပြီး  Zifam_Company မှ ပူးပေါင်း တင်ဆက်တဲ့ “ဆီးချိုသွေးချိုအကြောင်း မဖြစ်မနေ သိသင့်သည်များ” ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ၂၀၁၈ ဧပြီလ ၂၁ ရက်နေ့မှာ တောင်ငူမြို့ ၊ဟုတ်ဝမ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတွင် ဆီးချိုသွေးချို အထူးကု ဆရာဝန်ကြီးပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်မှ “ဆီးချိုသွေးချိုအကြောင်းမဖြစ်မနေသိသင့်သည်များ” ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာများ ဟောပြောပေး ခဲ့ပါသည်။ ပွဲကို တက်ရောက်လာကြသော မိဘပြည်သူများက မိမိတို့သိရှိလိုသည့် ကျန်းမာရေး ပြဿနာများနှင့် အခက်အခဲများကို ဆရာကြီးအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့ကြပါတယ်။ ဒါ့အပြင် မေတ္တာ လက်ဆောင်များကိုလည်း ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း
အမှတ် ၁/၃၃၊ ရွှေဗဟိုဆေးရုံ ပထမထပ်၊သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။ 09 77 66 444 16