Call Us: (+95) 9 776644416

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တွင်ကျရောက်တဲ့ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ်
 မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း(MMDA) မှကြီးမှူးကျင်းပတဲ့ လူထုကိုယ်လက်လှုပ်ရှား အားကစားပွဲကြီးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်၊ တနင်္ဂနွေနေ့
နံနက် ၅ နာရီမှ ၉ နာရီအထိ? ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ မိုင်ဒါကွင်းမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါလူထုကိုယ်လက်လှုပ်ရှား အားကစားပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်မိန့်ခွန်း ပြောကြားပြီး ၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း(MMDA) ဥက္ကဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်အပါအဝင် အသင်း၏ ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

ထို့နောက် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း(MMDA) ဥက္ကဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေလတ်မှ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အကြောင်းကို ဟောပြောခဲ့ပါတယ်။

တက်ရောက်လာသူများအား ၄င်းကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အကြောင်း အမေးအဖြေများ ပြုလုပ်ပြီး လက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။

ဒါ့အပြင် လူထုလှုပ်ရှားမှုအနေနဲ့ စုပေါင်းကိုယ်ကာယလေ့ကျင်းခန်းပြုလုပ်ခဲ့ကြပြီး၊ ဆီးချိုသွေးချိုရောဂါ အထူးကုသမားတော်ကြီးများမှလည်း ဆီးချိုသွေးချိုရောဂါအကြောင်းအသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လူထုကိုယ်လက်လှုပ်ရှား အားကစားပွဲကြီးကို Main Sponsor များအဖြစ် Naturally Better ၊ TTO Pharma နှင့် Genix Pharma တို့မှကူညီပံ့ပိုးမေးခဲ့ကြပြီး Co-Sponsor များအဖြစ် Grand Hantha International Hospital ၊ Victoria General Hospital ၊ AA Medical (Division ll) နှင့် SUN Pharma တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း Performance အား ?Real Fitness အဖွဲ့မှ ကူညီပံ့ပိုးပေးခဲ့ပြီး Media Sponsored အဖြစ် Cherry FM မှ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒါ့အပြင် Strategy First Institute နှင့် KBZ Bank တို့မှလည်း ပူးပေါင်း ပါဝင်ကူညီပေးခဲ့ပါတယ်။

Lucky Draw အစီအစဉ်ကို အောင်ရတနာဆေးရုံ ၊ Aristopharma နှင့် Real Fitness တို့မှ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

အမေးအဖြေကဏ္ဍအတွက် လက်ဆောင်ပစ္စည်းများကို MEN Co., Ltd. ၊ Nutricare Myanmar Co., Ltd. နှင့် ရဲဇင်လတ် Co., Ltd. တို့မှ ကူညီပံ့ပိုးပေးခဲ့ပါတယ်။

===============================

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်ရေးနေ့ ကို အင်ဆူလင်ကို စတင်တွေ့ရှိခဲ့သော နိုဘယ်ဆုရ ကနေဒါနိုင်ငံသား ဆေးပညာရှင် Frederick Banting ၏မွေ့နေ့ကို အစွဲပြုပြီး ကမ္ဘာတစ်ဝှမ်းတွင် ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ မှစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့ဆောင်ပုဒ်မှာ Women and diabetes – our right to a healthy future ဖြစ်ပြီး မြန်မာလိုအနေနဲ့ ဆီးချိုသွေးချို အန္တရာယ်၊ မိခင်လောင်းများ သတိပြုဖွယ်၊ ပုံမှန်စစ်ဆေးကုသဖို့၊ ဝိုင်းဝန်းကူညီ ဆော်ရွက်စို့ ဟု အဓိပ္ပါယ်ရပါတယ်။