🥰 မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါများကို အချိန်မီသိရှိရှာဖွေဖော်ထုတ်နိုင်ရေးနှင့် မှန်ကန်ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးတို့အတွက် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍
👩⚕️ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်းနှင့် မြန်မာနိုင်ငံ ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်များအသင်းတို့မှ ပူးပေါင်းစီစဉ်သည့် “ဆီးချိုရောဂါကို မှန်ကန်စွာနားလည်ခြင်း ပြည်သူလူထု ကျန်းမာရေးအသိပညာမြှင့်တင်ရေးဟောပြောပွဲ”ကို (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၌ ယခုလိုကျင်းပပြုလုပ်ခဲ့ပါသည်။
