Call Us: (+95) 9 776644416

     ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တပ်မတော်ပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သော 3rd Myanmar Health Expo 2018 တွင် Myanmar Diabetes Association မှ တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရအောင် အခွင့်အရေးပေးခဲ့ပါသော မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ  နှင့် လုပ်ငန်းရှင်များ အသင်း (MPMEEA) ဥက္ကဌ ဒေါက်တာဝင်းစည်သူ၊ အတွင်းရေးမှူး ဒေါက်တာ ဒေါ်သင်းနွယ်ဝင်းနှင့် အမှုဆောင် ကော်မတီဝင်များအားလုံးအား MMDA မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်းကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

     ၎င်းပြပွဲတွင် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါ၏ ဖြစ်နှုန်းများ မြင့်တက်များပြားနေခြင်းများ၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ခြင်း နည်းလမ်းများ၊ နောက်ဆက်တွဲ ဆင့်ပွားရောဂါများ ကာကွယ်ခြင်းနည်းလမ်းများ အကြောင်းကို ပြခန်းတွင် ဗဟုသုတအနေဖြင့် ပြသထားပြီး၊ (၁၇-၂-၂၀၁၈) ရက်နေ့တွင် ပါမောက္ခဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုရောဂါ အကြောင်း သိကောင်းစရာများ ကို တက်ရောက်လာသော ပြည်သူလူထုအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ယင်းဟောပြောပွဲ သို့ တက်ရောက်လာသူများအား အမေးအဖြေကဏ္ဍပြုလုပ်ပေးကာ ဆုပေးခြင်းများ၊ USD 500/- တန်ဖိုးရှိသော Air Mattress အား ကံစမ်းမဲဖောက်ပေးခြင်း ပြုလုပ်ပေးခဲ့ပါသည်။

     မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ပြခန်းတွင်လည်း (အခမဲ့) သွေးတိုးရောဂါ ရှိ မရှိ စမ်းသပ်ပေးခြင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ရှိ မရှိ ဆန်းစစ်တွက်ချက်ပေးခြင်း၊ ဆီးချိုသွေးချိုရောဂါ ရှိသူများအား မြန်မာနိုင်ငံဟော်မုန်းဗေဒဆိုင်ရာအဖွဲ့မှ ဆရာဝန်ကြီးများ နှင့် အဖွဲ့မှ တာဝန်ယူ စစ်ဆေးကြည့်ရှုပေးကာ၊ လိုအပ်သည့်ဆေးဝါးများအား အခမဲ့ ပေးဝေခြင်းများ၊ ဆီးချိုရောဂါရှိသူများတွင် မျက်စိရောဂါ ရှိ မရှိ စစ်ဆေးပေးခြင်း၊ HbA1C စစ်ဆေးပေးခြင်း၊ သွေးတွင်းအဆီဓါတ် (Lipid) စစ်ဆေးပေးခြင်းများလည်း အခမဲ့ ပြုလုပ်ပေးခဲ့ပါသည်။ ဤအစီအစဉ်တွင် အဖက်ဖက်မှ လိုလေသေးမရှိ ၀ိုင်းဝန်းကူညီပေးခဲ့ကြပါသော ဆေးကုမ္ပ္ပဏီများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။