Warning: opendir(/home3/cp365182/public_html/myanmardiabetes.org.mm/wp-content/mu-plugins): Failed to open directory: Permission denied in /home3/cp365182/public_html/myanmardiabetes.org.mm/wp-includes/load.php on line 977
ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးဟောပြောပွဲ - Myanmar Diabetes Association
Call Us: (+95) 9 776644416

“ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား” ကျန်းမာရေးဟောပြောပွဲ

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ ကြီးမှူးကျင်းပသော “ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား” ကျန်းမာရေးဟောပြောပွဲကို ၂၀၁၉ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် နံနက်(၁ဝး၄၅) နာရီမှ နံနက်(၁၂းဝ၀)နာရီ အချိန်အထိကျင်းပခဲ့ပါသည်။ အဆိုပါ ကျန်းမာရေးဟောပြောပွဲတွင် ဆီးချိူသွေးချိုရောဂါအထူးကုဆရာဝန်ကြီးများဖြစ်ကြသော ပါမောက္ခဒေါက်တာတင့်ဆွေလတ်၊ ပါမောက္ခဒေါက်တာသိန်မြင့်၊ တွဲဖက်ပါမောက္ခဒေါက်တာရဲမြင့် နှင့်တွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်သန့်တို့မှ ဟောပြောခဲ့ကြပါသည်။

ထို့နောက် “ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားမှုအားကစား” ကျန်းမာရေးဟောပြောပွဲသို့တက်ရောက်လာကြသူများမှ ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်ပြီး မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပါသည်။

အဆိုပါပွဲတွင် Naturally Better သဘာဝဆီချိုသကြားမှလည်း Media Partner အနေဖြင့်ပါဝင်ကူညီပံ့ပိုးပေးထားပါသည်။