Warning: opendir(/home3/cp365182/public_html/myanmardiabetes.org.mm/wp-content/mu-plugins): Failed to open directory: Permission denied in /home3/cp365182/public_html/myanmardiabetes.org.mm/wp-includes/load.php on line 977
World Diabetes Day 2017 (Victoria hospital) - Myanmar Diabetes Association
Call Us: (+95) 9 776644416

ဝိတိုရိယဆေးရုံက စီစဉ်သော ကမ္ဘာ့ဆီးချို၊သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးပောာပြောပွဲကို International Business Centre တွင် ကျင်းပခဲ့ခြင်း

=============================================================================

အဆိုပါအခမ်းအနားတွင် ဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီးပါမောက္ခဦးတင့်ဆွေလတ်က အဖွင့်အမှာစကားနှင့် “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အကြောင်းသိကောင်းစရာများ”၊ ဆီးချိုသွေးချိုအထူးကု ဆရာဝန်ကြီးပါမောက္ခဦးကိုကိုက”ဆီးချိုသွေးချိုရောဂါကြိုတင်ကာကွယ်ရေးသိကောင်းစရာများ” အကြောင်းများကို ဟောပြောပေးခဲ့ပါသည်။ထို့နောက် ဝိတိုရိယဆေးရုံ CEO ဒေါက်တာအေးအေးစန်းက ကမ္ဘာ့ဆီးချို၊ သွေးချိုအထိမ်းအမှတ် ပွဲကျင်းပဖြစ်ပုံအကြောင်း၊ ဆီးချိုရှိသူများအတွက် လူနေမှုဘ၀အရည်အသွေးအပြည့်အ၀ရရှိစေမည့် ၀ိတိုရိယဆီးချိုအထူးကုစင်တာရှိ Package ၀န်ဆောင်မှုများနှင့် စစ်ဆေးကုသမှုများအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ကျေးဇူးတင် စကားပြောကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအတွက်Lucky Draw များမဲဖောက်ပေးပြီး အစားအသောက်များနှင့် လည်းတည်ခင်းဧည့်ခံခဲ့ပါသည်။ အချိန်မအားလပ်သည့်ကြားမှ ဗပာုသုတရဖွယ် လွန်စွာတန်ဖိုးရှိသော ဆီးချိုကျန်းမာရေးများကို ပြောကြားပေးခဲ့သည့် ဆရာကြီးပါမောက္ခ ဦးတင့်ဆွေလတ် နှင့် ပါမောက္ခဦးကိုကိုတို့ကို ၀ိတိုရိယ ဆေးရုံဝန်ထမ်းများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကြွရောက်အာပေးချီးမြှင့်ကြသော လူကြီးမင်းများအားလုံး၊ အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးကြသူများ အားလုံးနှင့်မီဒီယာများကိုလည်း အထူးပင်ကေျးဇူးတင်ရှိပါသည်။