📌 ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်းနှင့် မြန်မာနိုင်ငံ ဆီးချိုနှင့်ဟော်မုန်းရောဂါ အထူးကုဆရာဝန်များအသင်းတို့မှ ပူးပေါင်းစီစဉ်သည့် “ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို (၂၀၂၆) ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ (စနေနေ့)တွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
🥰 ကျန်းမာရေးအသိပညာပေး ဟောပြောပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါသည်။
📜 အစီအစဉ် အသေးစိတ်
🗓️ နေ့ရက်: (၂၀၂၆) ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက် (စနေနေ့)
⏰ အချိန် : နံနက် (၈:၀၀) နာရီ မှ နေ့လယ် (၁၁:၀၀) နာရီအထိ
📌 နေရာ : သူနာပြုတက္ကသိုလ် (ရန်ကုန်)၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်။
✅ အဆိုပါဟောပြောပွဲတွင်
📌 ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်သော သိကောင်းစရာများဟောပြောခြင်း
📌 ရောဂါဖြစ်နိုင်ချေကို စစ်ဆေးခြင်း
📌 လိုအပ်ပါက HbA1c နှင့် သွေးတွင်းကိုလက်စထရောကို စစ်ဆေးပေးခြင်းနှင့်
📌 အခြားစိတ်ပါဝင်စားဖွယ်ရာ အစီအစဉ်များလည်းပါဝင်မည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
#HealthEducation
#HealthKnowledge
#Myanmar #diabetes
#diabetesawareness
#diabetesawarenessmonth #healthylife
#DiabetesPatients #endocrinology
#events #yangonMyanmar
#healthylifestyle #HealthTalk
#MMDA #MSEM
#myanmardiabetesassociation

