Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
Launching Ceremony of www.myanmardiabetes.org.mm - Myanmar Diabetes Association
Call Us: (+95) 9 776644416

၂၀၁၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင်
Park Royal Hotel၌ မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါ အသင်း၏
တရားဝင်Website အကြောင်းကို လူထုနှင့် သတင်း၊ စာနယ်ဇင်းများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မိတ်ဆက်ခြင်း အခမ်းအနားကို
ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းရဲ့ httpa//www.myanmardiabetes.org.mm/:::www.myanmardiabetes.org.mm website အကြောင်းကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်စေရန် ရည်ရွယ်ပြီး မီဒီယာ၊ သတင်း၊ စာနယ်ဇင်းများအား မိတ်ဆက်ပေးရခြင်းဖြစ်ပါသည်။ အဆိုပါ website မိတ်ဆက်ပွဲ အခမ်းအနား ကို မီဒီယာ၊ သတင်း၊ စာနယ်ဇင်းများမှဖိတ်ကြားထားသူများ၊
မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ website ဖြစ်မြောက်အောင် ကူညီပံ့ပိုးသူများနှင့် အခြား ဖိတ်ကြားထားသူ များ တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့တွင် တရားဝင် စတင်ထူထောင်ဖွဲ့စည်းခဲ့ပါသည်။

အသင်း၏ မျှော်မှန်းချက်မှာ မြန်မာနိုင်ငံအတွင်း ဆီးချိုသွေးချိုရောဂါ ကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် မျှော်မှန်းပါသည်။

အသင်း၏ ရည်မှန်းချက်မှာ လူထုအတွင်း ပြီးပြည့်စုံသော ဆီးချိုသွေးချိုရောဂါ ကာကွယ်စောင့်ရှောက်မှုပေးခြင်းအားဖြင့် ဆီးချိုသွေးချိုရောဂါနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်တားဆီးရန် ရည်မှန်းပါသည်။ အဆိုပါ အသင်း၏ ရည်ရွယ်ချက်များမှာ

၁။ ပြည်သူလူထုအတွင်း ဆီးချိုသွေးချိုရောဂါကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများကို ပိုမို သတိမူလာစေရန်။
၂။ပြီးပြည့်စုံသော ဆီးချိုသွေးချိုရောဂါ ကာကွယ်စောင့်ရှောက်မှုကို ပိုမိုပေးလာနိုင်စေရန်။
၃။ ကျန်းမာရေးဝန်ထမ်းများအား ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကာကွယ်ရေးနှင့် ကုသရေး အရည်အသွေးများ ပိုမို ကောင်းမွန်တိုးတက်လာစေရန်။
၄။လူထုအတွင်း ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်သော ပြဿနာများနှင့် သက်ဆိုင်သော သုတေသနလုပ်ငန်းများကို ပိုမိုတိုးတက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ဆီးချိုသွေးချိုရောဂါအသင်း၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ
အောင်မြင် ပေါက်မြောက်အောင်
ဆောင်ရွက်ရာတွင် လူထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရန် အတွက် လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုအနေဖြင့် အဆိုပါ website တစ်ခုကို ထူထောင်ရခြင်း ဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း၏ လုပ်ဆောင်ချက်များကို ပြည်တွင်း၊ ပြည်ပမှ စိတ်ပါဝင်စားသူများ အလွယ်တကူ ဝင်ရောက် လေ့လာနိုင်ရန်လည်း ဤ website ကို ထူထောင်ရခြင်း ဖြစ်ပါသည်။