Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
Diabetes Public Talk (UMFCCI) - Myanmar Diabetes Association
Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း MMDA (Myanmar Diabetes Association) နှင့် AA Medical Product Ltd. တို့မှ ပူးပေါင်းကျင်းပတဲ့ ဆီးချိုသွေးချိုအကြောင်း သိကောင်းစရာ ကျန်းမာရေးပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ရန်ကုန်) ခန်းမမှာ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၂ ရက်(တနင်္ဂနေ့) နေ့လည် ၂နာရီ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကျန်းမာရေး ပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ဆီးချိုသွေးချိုအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်ကျန်းမာရေးအသိပညာများ ဟောပြောပေးခဲ့ပါတယ်။

စိတ်ဝင်စားသူ လူပေါင်း (၈၀၀) ခန့် တက်ရောက်ခဲ့ပြီး၊ ဆီးချိုသွေးချိုရောဂါကို အခမဲ့ စစ်ဆေးပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များနှင့် ကျန်းမာရေးအခက်အခဲများကို ဆရာကြီးအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

AA Medical Product Ltd. မှ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းသို့
ငွေကျပ် (၁၀) သိန်းအား လှူဒါန်းသွားပါတယ်။