Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
ဆီးချိုသွေးချိုရောဂါ အမျိုးအစားများ (အပိုင်း၂) - Myanmar Diabetes Association
Call Us: (+95) 9 776644416

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ

အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါသည် အရေးကြီးသော ဆီးချိုသွေးချို ရောဂါ အမျိုးအစား ဖြစ်ပါသည်။ အဘယ်ကြောင့့် ဆိုသော် ဆီးချိုသွေးချို ရောဂါ ရှိသူများ၏ ၉၀% မှ၉၅% အထိသည် အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါရှင် များဖြစ်နေ ကြခြင်းကြောင့် ဖြစ်ပါသည်။ ဆီးချိုသွေးချို ရောဂါ အမျိုးအစား (၁) သို့မဟုတ် အမျိုးအစား (၂) ဟု မဖော်ပြပဲ၊ သာမန်အားဖြင့် ဆီးချိုသွေးချို ရောဂါဟုသာ ဖော်ပြလျှင် ၄င်းအကြောင်း အရာသည် အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါနှင့်သာ သက်ဆိုင်လေ့ ရှိပါသည်။ ဥပမာ အားဖြင့် ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေး ဟု အမျိုးအစား မဖော်ပြပဲ ပြောလျှင်၊ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ ကာကွယ်ရေးကို ဆိုလိုကြောင်း သိစေလို ပါသည်။


Type-2