Warning: opendir(/home3/cp365182/public_html/myanmardiabetes.org.mm/wp-content/mu-plugins): Failed to open directory: Permission denied in /home3/cp365182/public_html/myanmardiabetes.org.mm/wp-includes/load.php on line 977
ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား ဗီဒီယိုမိတ်ဆက်ခြင်းအခမ်းအနား - Myanmar Diabetes Association
Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ ကြီးမှူးကျင်းပသော “ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား” ဗီဒီယိုမိတ်ဆက်ခြင်းအခမ်းအနားကို၂၀၁၉ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် နံနက်(၉းဝ၀)နာရီမှ နံနက်(၁ဝး၃၀)နာရီ အချိန်အထိကျင်းပခဲ့ပါသည်။

 

အဆိုပါ ဗီဒီယိုမိတ်ဆက်ခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းဥက္ကဌ ပါမောက္ခဒေါက်တာတင့်ဆွေလတ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

ထို့နောက် “ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား” ဗီဒီယိုအကြောင်းကို မိတ်ဆက်ပြောကြားပြီး “ဆီးချိုသွေးချိုနှင့်ကိုယ်လက်လှုပ်ရှားအားကစား” ဗီဒီယိုတွင် Sponsor များအနေနှင့်ပါဝင်ကူညီပေးခဲ့ကြသော TTO Pharm Co.,Ltd.၊ Aristopharma LTD.(K.T.Z)၊ Servier Pte. Co.,Ltd၊ Zifam Pinnacle Pty Ltd၊ Getz Pharma (Pvt) Ltd၊ Lifeline Co., Ltd.၊ Wockhardt., Ltd၊ ၀ိတိုရိယဆေးရုံနှင့် ဗီဒီယိုတွင်ပါဝင်ကူညီပေးခဲ့ကြသော အနုပညာရှင်များ အတတ်ပညာရှင်များဖြစ်ကြသော ဒါရိုက်တာစနိုးမိုင်လီ၊ သီဟဒိုင်နို၊ တေးရေးဆရာသော်မိုးစက်၊ တေးသံရှင်နီနီခင်ဇော်၊ သရုပ်ဆောင်အယ်လ်ဘောက်နူးနှင့်အတူ ဆေးတက္ကသိုလ် (၂) မှကျောင်းသား ကျောင်းသူများ၊ ၀ိတိုရိယဆေးရုံမှ လူငယ်ဆရာဝန်များအဖွဲ့တို့ကိုလည်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ပါသည်။

 

အဆိုပါပွဲကို Naturally Better မှလည်း Media Partner အနေနှင့်ကူညီပံ့ပိုပေးထားပါသည်။