Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
MMDA Annual Meeting (2016) - Myanmar Diabetes Association
Call Us: (+95) 9 776644416

မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း၏နှစ်ပတ်လည် အထွေထွေအစည်းအဝေး(၂၀၁၆) အခမ်းအနားကို ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်(ပင်မ ခန်းမဆောင်) တွင် ၂၄-၉-၂၀၁၆ ရက်နေ့နေ့လည် (၂း၀၀) နာရီမှ ညနေ(၄း၀၀) အထိကျင်းပသွားခဲ့ ပါတယ်။ရှေးဦးစွာ ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်သန်းသန်းအေး မှ သဘာပတိ နှုတ်ခွန်းဆက်စကားကို ပြောကြားပြီး အသင်းဥက္ကဌ ပါမောက္ခ ဦးတင့်ဆွေလတ်မှ အဖွင်းအမှာစကားပြောကြားကာ အခမ်းအနားကို စတင်ခဲ့ကြပါတယ်။ ဆက်လတ်ပြီး တွဲဖက်အတွင်းရေးမှုး(၁) ဒေါက်တာဦးသိန်းမြင့်မှ နှစ်ပတ်လည်အစီအရင်ခံစာတင်ပြပေးခဲ့ပါတယ်။အသင်းနှင့်ပတ်သက်တဲ့ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အသစ်ပြန်လည်ရေးဆွဲထားသည်များကို တွဲဖက်အတွင်းရေးမှုး(၂) တွဲဖက်ပါမောက္ခ ဒေါက်တာဦးရဲမြင့်မှ ရှင်းလင်းတင်ပြပြီး အသင်း၏ ဘဏ္ဍာရေးမှုး ဒေါက်တာသင်းနွယ်ဝင်းမှ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြသွားခဲ့ပါတယ်။ ထို့နောက် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်းအား တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များမှ အတည်ပြုခြင်း တို့ကိုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ့အပြင် တက်ရောက်လာကြသော ဧည့်သည်တော်များကလည်း အသင်းကြီးပိုမိုတိုး တက်အောင်မြင်ရေးအတွက် အကြံပြုတင်ပြခြင်းများကိုပြုလုပ်ခဲ့ကြပါတယ်။ အထူးအစီအစဉ်အနေနဲ့ ပါမောက္ခဒေါက်တာဦးကိုကိုမှ အသင်း၏ ဆီးချိုသွေးချိုရောဂါကာကွယ်ရေးစာတမ်းနှင့် ပတ်သက်ပြီး ကျန်းမာရေးပညာပေးဟောပြောပေးခဲ့ပါတယ်။ထို့နောက် သဘာပတိမှ နိဂုန်းချုပ်စကားပြောကြားခြင်း အစီအစဉ်ဖြင့် အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးကြောင်းကြေညာပြီး ကြွရောက်လာကြတဲ့ဧည့်သည်တော်များကို အကျွေးအမွေးများဖြင့်ဧည့်ခံကာ အစည်းအဝေးကြီး
အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။