Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (Myanmar Diabetes Association) မှ ကြီးမှူးကျင်းပသော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) အထိမ်းအမှတ် အခမ်းအနားကို ယခုလာမယ့် နိုဝင်ဘာလ (၁၃) ရက် အင်္ဂါနေ့ (၁၃.၁၁.၂၀၁၈) န့မှာ ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲတွင်
Diamond Sponsor အဖြစ်
• Zifam Co., Ltd. (Naturally Better သဘာဝဆီးချိုသကြား)
• TTO Co., Ltd.
• Mega Lifesciences (Glucomeal) တို့မှ လည်းကောင်း

Platinum Sponsor အဖြစ်
• Sun Pharma Co., Ltd.
• Victoria General Hospital
• Abbott (Glucerna) နှင့်
• Servier Co., Ltd တို့မှ လည်းကောင်း

Gold Sponsor အဖြစ်
• KTZ-CCL
• Pharm Evo Co., Ltd.
• Getz Pharma Co., Ltd. တို့မှ အသီးအသီး ကူညီပံ့ပိုးပေးထားပြီး

Media Sponsor အဖြစ် Cherry FM မှ ကူညီပံ့ပိုးပေးထားပါတယ်။

?အဆိုပါပွဲတွင် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) အထိမ်းအမှတ် အခမ်းအနားကို လာရောက်သူများအတွက် –
• ကျန်းမာရေးစစ်ဆေးမှုများ (အခမဲ့) ဆောင်ရွက်ပေးခြင်း၊
• ဆီးချိုသွေးချိုရောဂါရှင်များအား (အခမဲ့) ကုသမှုပေးခြင်း၊
• ကျန်းမာရေးပညာပေး ဟောပြောခြင်း၊
• အထိမ်းအမှတ်လက်ဆောင်များ ပေးခြင်း၊
• လူထုကိုယ်လက်လှုပ်ရှားမှုများ စုပေါင်း ပြုလုပ်ခြင်း၊
• ကျန်းမာရေး ပညာပေးစာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊
• ဆီးချိုသွေးချိုနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းနိုင်ခြင်း တို့ကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

(စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။)

ဒါကြောင့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) အထိမ်းအမှတ် အခမ်းအနားကို စိတ်ပါဝင်စားပြီး တက်ရောက်မည့်သူများအနေနဲ့
ဒီ Post ရဲ့ Comment မှာ Registration ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
09 420132339, 09 250656315, 09 421136232, 09 970494595, 09 782494942, 09 255704658,
09 5321642, 09952295252, 09 428902117