Warning: opendir(/home3/cp365182/public_html/myanmardiabetes.org.mm/wp-content/mu-plugins): Failed to open directory: Permission denied in /home3/cp365182/public_html/myanmardiabetes.org.mm/wp-includes/load.php on line 977
ကမ္ဘာ့ ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(၂၀၁၈) - Myanmar Diabetes Association
Call Us: (+95) 9 776644416

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက် ၊ အင်္ဂါနေ့၌ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါရှင်များအသင်းမှ ကြီးမှူးကျင်းပသော “ကမ္ဘာ ့ဆီးချို သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(၂၀၁၈)” အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို ့ရှိ Novotel Yangon Max Hotelတွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် တက်ရောက်လာသူများအား ဆီးချို သွေးချို ရောဂါအခမဲ့စစ်ဆေးဆွေးနွေးပေးခြင်းအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကိုယ်လက်လှုပ်ရှားမှုစုပေါင်းလုပ်ဆောင်ခြင်းအစီအစဉ်များ၊ ကျန်းမာရေးဟောပြောပွဲအစီအစဉ်များပါဝင်ခဲ့ပါတယ်

ကျန်းမာရေးဟောပြောခြင်းအစီအစဉ်များအဖြစ် မြန်မာနိုင်ငံဆီးချို သွေးချို ရောဂါရှင်များအသင်း၏ ဥက္ကဌ ပါမောက္ခဒေါက်တာတင့်ဆွေလတ်မှ “ဆီးချို သွေးချို ရောဂါရှင်များ မဖြစ်မနေသိသင့်သည်များ” “ဆီးချို သွေးချို ကာကွယ်ရေး” စတဲ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊

ဒုဥက္ကဌ ပါမောက္ခဒေါက်တာ သန်းသန်းအေးမှ “မိသားစုနှင့်ဆီးချို” ခေါင်းစဉ်ဖြင့်လည်းကောင်း၊

တွဲဖက်ပါမောက္ခဒေါက်တာ သိန်းမြင့်မှ သင်သာ”ဆီးချို သွေးချို ရောဂါရှိခဲ့လျှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊

ဒေါက်တာ ခင်မေတ္တာမိုးစံမှ ” ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်နေထိုင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊

တွဲဖက်ပါမောက္ခဒေါက်တာရဲမြင့်မှ “ကိုယ်လက်လှုပ်ရှားမှုနှင့် ဆီးချို သွေးချို”ခေါင်းစဉ်ဖြင့်လည်းကောင်း၊

ပါမောက္ခဒေါက်တာခင်စောသန်းမှ “ဆီးချို သွေးချို နှင့် ခြေထောက်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဟောပြောခဲ့ကြပြီး

World Diabetes Day(2018)အထိမ်းအမှတ်အခမ်းအနားဖြစ်မြောက်ရေးအတွက် ပံပိုးကူညီခဲ့ကြသော Sponsor Companyအသီးသီးမှလည်း Product Presentationများပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် တက်ရောက်လာသူများအား ဆီးချို သွေးချို နှင့်ပက်သက်သော မေးခွန်းများကို မေးမြန်းခဲ့ပြီး ပါဝင်ဖြေဆိုသူများအား ဆုလက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ထို့နောက်ညနေ (၄)နာရီအချိန်ခန့်တွင် ပါမောက္ခဒေါက်တာတင့်ဆွေလတ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး “ကမ္ဘာ့ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ (၂၀၁၈)” အခမ်းအနားကိုရုတ်သိမ်းခဲ့ပါတယ်။

(ဖျော်ဖြေရေးအစီအစဉ်များ၊ ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်များနှင့် ပိတ်ပွဲအခမ်းအနားမှ အမှတ်တရဓာတ်ပုံများ၊ Photo Boothမှဓာတ်ပုံများကို Albumသပ်သပ်တင်ပေးမှာဖြစ်ပါတယ်)