Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း MMDA နှင့်  Myanmar Booster Distribution_Company တို့မှ ပူးပေါင်းကျင်းပတဲ့ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာ ကျန်းမာရေးပညာပေးဟောပြောပွဲကို မုံရွာမြို့ရှိ မြို့တော်ခန်းမမှာ တနင်္လာနေ့ (၆.၂.၂၀၁၇) နံနက် ၈ နာရီမှနေ့လည် ၁၁နာရီထိ ကျင်းပခဲ့ပါတယ်။အဲ့ဒီကျန်းမာရေး ပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ဆီးချိုသွေးချိုအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာများ ဟောပြောပေးခဲ့ပါတယ်။မုံရွာမြို့နှင့် အနီးအနားပတ်ဝန်းကျင်ရှိမြို့များမှ စိတ်ဝင်စားသူလူပေါင်း(၃၅၀)ကျော် တက်ရောက်ခဲ့ပြီး၊သွေးတိုးစစ်ပေးခြင်း၊ဆီးချိုသွေးချိုရောဂါကို အခမဲ့ စစ်ဆေးပေးခြင်း၊ခန္ဓာကိုယ်သိပ်သည်းဆအညွှန်းကိန်း (BMI) တွက်ချက်ပေးခြင်း၊ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေနှုန်းထားများ တွက်ချက်ပေးခြင်း၊ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း တို့ကိုပြုလုပ်ပေးခဲ့ပါတယ်။တက်ရောက်လာသူများမှလည်း မိမိတို့သိရှိလိုသည်များနှင့် ကျန်းမာရေးအခက်အခဲများကို ဆရာကြီးအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။