Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၅) ကြိမ်မြောက် နယ်လှည့်ဆေးကုသမှု - Myanmar Diabetes Association
Call Us: (+95) 9 776644416

ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (MMDA) နှင့် မြန်မာနိုင်ငံဟော်မုန်းရောဂါများအထူးကုအသင်း (MSEM) တို့ ပူးပေါင်း၍ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၏ (၃၅) ကြိမ်မြောက် နယ်လှည့်ဆေးကုသမှု  အစီအစဉ်တစ်ရပ်ကို မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၅-၁၂-၂၀၁၆ မှ ၂၇-၁၂-၂၀၁၆ အထိ ဆေးကုသမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၄င်းဆေးကုသမှုခရီးစဉ်တွင် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း၏ ကိုယ်စား ဒေါက်တာ တင်ဝင်းအောင်နှင့် ဒေါက်တာသက်မွန်ဇော်တို့မှ ဆီးချိုသွေးချိုရောဂါကိုသာမက အခြား အထွေထွေရောဂါများနှင့်ပတ်သက်၍ လူနာပေါင်း (၅၅၄) အား ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ပါမောက္ခဒေါက်တာတင့်ဆွေလတ်နှင့် ပါမောက္ခဒေါက်တာသန်းသန်းအေးတို့၏ ဆီးချိုသွေးချိုရောဂါ အကြောင်း ပညာပေးဆွေးနွေးမှု DVD အခွေနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း ဆောင်ရန် ရှောင်ရန် ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဝေငှပြီး ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ယခုဆေးကုသမှုခရီးစဉ်တွင် လာရောက် ဝိုင်းဝန်း ကူညီ လုပ်အား အလှူပေးကြပါသော မကွေး ဆေးပညာဌာနမှ Physician Dr Thwe Mie Hlaing ၊ စလင်းဆေးရုံမှ Dr Ye Yint Aung (ရဲရင့်)နှင့် မင်းဘူးဆေးရုံမှ Dr Pe Thaw Nyunt တို့အားလည်း မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။