Call Us: (+95) 9 776644416

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း၏ နယ်လှည့်ဆေးကုသမှု အစီအစဉ်တစ်ရပ်ဖြစ်သည့် ရွှေပါရမီဆေးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တောင်ကုန်းကျေးရွာ၊ မနုကာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း (MMDA) နှင့် မြန်မာနိုင်ငံဟော်မုန်းရောဂါများအထူးကုအသင်း (MSEM) တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တောင်ကုန်းကျေးရွာ၊ မနုကာအုပ်စုတွင် ၂၆-၅-၂၀၁၇ ရက်နေ့တွင် လည်းကောင်း၊မကွေးတိုင်း၊ ထီးလင်းမြို့တွင် ၂၇-၅-၂၀၁၇ ရက်နေ့မှ ၂၈-၅-၂၀၁၇ ရက်နေ့အထိ လည်းကောင်း အခမဲ့ဆေးကုသမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၄င်းအခမဲ့ဆေးကုသမှုခရီးစဉ်တွင် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း၏ ကိုယ်စား အထူးကုဆရာဝန်ကြီးများဖြစ်သော ဒေါက်တာ ဝင်းနီအောင်၊ ဒေါက်တာ ရွှေဝင်းမြင့်၊ အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာ တင်ဝင်းအောင်နှင့် ဒေါက်တာရဲနောင်၊ လက်ထောက်ဆရာဝန်ဒေါက်တာညီညီဇော် နှင့် ဆရာဝန်များမှ ဆီးချိုသွေးချိုရောဂါကိုသာမက အခြား အထွေထွေရောဂါများနှင့် ပတ်သက်၍ လူနာပေါင်း (၁၆၀၀) ကျော်တို့အား ရောဂါရှာဖွေခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ထို့အပြင် ဆီးချိုသွေးချိုရောဂါအကြောင်း ဆောင်ရန် ရှောင်ရန် ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဝေငှပြီး ပညာပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ယခုဆေးကုသမှုခရီးစဉ်တွင် အစစ အရာရာ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးပါသော ရွှေပါရမီ ဖောင်ဒေးရှင်းမှ ဥက္ကဌ ဦးရှိန်ဝင်း (နာယက၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း) နှင့်တကွ အခြား တာဝန်ရှိသူများအားလည်းကောင်း၊ လာရောက် ဝိုင်းဝန်းကူညီ လုပ်အား အလှူပေးကြပါသော ဆရာဝန်ကြီးများအားလုံးအား မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။