Warning: Undefined variable $filename in /home3/cp365182/public_html/myanmardiabetes.org.mm/wp-content/themes/mmda/inc/event-certificate.php on line 258
ကမ္ဘာ့ ဆီးချို သွေးချို ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူထု လမ်းလျှောက်ပွဲ - Myanmar Diabetes Association
Call Us: (+95) 9 776644416

မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း(MMDA)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ရေးနေ့( World Diabetes Day) အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ ကို ၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့က သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)တွင် နံနက် ၅ နာရီမှစတင်ပြီး ကျင်းပသွားခဲ့ပါတယ်။

လူထုလမ်းလျောက်ပွဲမစခင် ကန်တော်ကြီး ပုလဲကျန်းမာရေးမိသားစုအဖွဲ့မှှ ဦးဆောင်ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများနှင့်အတူ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ပါမောက္ခ တင့်ဆွေလတ် မှ ကမ္ဘာဆီးချိုသွေးချိုရောဂါရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လမ်းလျောက်ပွဲကို စတင်ခဲ့ပါတယ်။

လူထုလမ်းလျောက်ပွဲ အစီအစဉ်အပြီးမှာ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ပါမောက္ခ တင့်ဆွေလတ် မှ ဆီးချိုရောဂါအကြောင်း သိကောင်း စရာများကို အသိပညာပေး ပြောကြားပေးခဲ့ပါတယ်။
အဲဒီနောက်မှာ Zifam ကုမ္ပဏီမှ Australia နိုင်ငံထုတ် Stevia အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ သဘာဝအချိုဓါတ် ဆီးချိုသကြား Naturally Better အကြောင်းမိတ်ဆက်ပြောကြားပေးခဲ့ပြီး ဝိတိုရိယဆေးရုံမှလည်း ဆီးချိုသွေးချို အထူကုစင်တာအကြောင်း မိတ်ဆက်ပြောကြားပေးခဲ့ပါတယ်။

ဒါ့အပြင် လမ်းလျှောက်ပွဲကို တက်ရောက်လာသူများကို သွေးပေါင်ချိန် ကိုယ်အလေးချိန်၊ အရပ်နှင့်အတူ ဆီးချို သွေးချိုရောဂါရှိမရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေရှိ/မရှိ (Risk Factors) ကို စစ်ဆေးပေးခြင်း များကိုလည်း အထူးအစီအစဉ်အနေနဲ့ ပြုလုပ်ပေးခဲ့ပါတယ်။
ထို့နောက် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကံစမ်းမဲ ဖောက်ပေးပြီး ပထမဆု၊ ဒုတိယဆု နှင့် တတိယဆုလက်ဆောင်ပစ္စည်းများကို မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ပါမောက္ခ တင့်ဆွေလတ် နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး လူထုလမ်းလျောက်ပွဲ အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။

လူထုလမ်းလျောက်ပွဲအစီအစဉ်ကို တက်ရောက်နိုင်ရန် လက်မှတ်တစ်စောင်လျင် တစ်ထောက်ကျပ်နှုန်းဖြင့် ရောင်းချထားခဲ့ပြီး ရရှိလာသော ငွေများအားလုံးကို မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း(MMDA) အသင်းသို့ လှုဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း(MMDA) အသင်း သို့ အသင်းဝင်နိုင်ရန်လည်းဆောင်ရွက်ပေးခဲ့ပါတယ်။