Call Us: (+95) 9 776644416

မြန်မာနိုင်ငံဆီးချိုသွေးချို ရောဂါအသင်း MMDA (Myanmar Diabetes Association) နှင့် Wockhardt_Company တို့မှ ပူးပေါင်းကျင်းပတဲ့ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာကျန်းမာရေးပညာပေးဟောပြောပွဲကို ကလေးမြို့ရှိ သူနာပြု သင်တန်းကျောင်းခန်းမမှာ ​အောက်တိုဘာလ ၁၈ ရက်(အင်္ဂါနေ့) နံနက် ၉နာရီမှ နေ့လည် ၁၂နာရီထိကျင်းပခဲ့ပါတယ်။ အဲ့ဒီကျန်းမာရေး ပညာပေးဟောပြောပွဲကိုမြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ ဆီးချိုသွေးချိုအထူးကု ဆရာဝန်ကြီးပါမောက္ခ ဒေါက်တာတင့်ဆွေလတ်မှ ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်ကျန်းမာရေးအသိပညာများ ဟောပြောပေးခဲ့ပါတယ်။ ကလေးမြို့နှင့်အနီးအနားပတ်ဝန်းကျင်ရှိမြို့များမှ စိတ်ဝင်စားသူလူပေါင်း(၃၅၀)ကျော် တက်ရောက်ခဲ့ပြီး၊ ဆီးချိုသွေးချိုရောဂါကို အခမဲ့ စစ်ဆေးပေးခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များနှင့် ကျန်းမာရေးအခက်အခဲများကို ဆရာကြီးအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။